BLCY Registration

BETHANY BAPTIST CHURCH established Bethany Learning Center  in 2018. Although there are many choices in education today, choosing A.C.E will give your children an educatino that provides Biblical principles with Scripture, acadamic axcellence, character training, and spiritual growth. 

Bethany Learning Center Yangon

၁။ သူတို့သင်ယူနိုင်ဖွယ်ရှိသည့် အဆင့်တွင်သာ သင်ယူရမည်။

၂။ သူတို့၌ ကျိုးကြောင်းဆီလျော်သည့်ပန်းတိုင်ရှိရမည်။

၃။ သူတို့၏ သင်ယူမှုသည် ကျောင်း၏ထိန်းချုပ်မှုအောက်တွင်ရှိပြီး လှုံ့ဆော်မှုရှိရမည်။

၄။ သူတို့၏သင်ယူမှုအပေါ် တိုင်းတာနိုင်ခြင်းရှိရမည်။

၅။ သူတို့၏သင်ယူမှုအပေါ် ထိုက်တန်သောဆုချီးမြင့်ခြင်းရှိရမည်။

၁။ BLCY ၏သင်ရိုးညွန်းတမ်းသည် ကလေးသူငယ်များ၏လိုအပ်ချက်များအတွက် အခြေခံကျပြီး တိကျခြင်း။

၂။ BLCY ၏သင်ရိုးညွန်းတမ်းသည် ကျောင်းသား/သူများ တစ်ဦးချင်းစီ ၏လိုအပ်ချက်၊ စွမ်းရည်များကို ကူညီဖြည့်ဆည်းပေးခြင်း။

၃။ BLCY ၏သင်ရိုးညွန်းတမ်းသည် သမ္မာကျမ်းစာ၊ အကျင့်စာရိတ္တ တည်ဆောက်ခြင်းနှင့် ဉာဏ်ပညာတို့ကို ထည့်သွင်းပေါင်းစပ်ထားခြင်း။

၄။ BLCY ၏သင်ရိုးညွန်းတမ်းအထဲတွင် ယနေ့ခေတ်နည်းပညာဆိုင်ရာများထည့်သွင်းပါဝင်ခြင်း။

၁။ ကျောင်းသား/သူများကို သမ္မာကျမ်းစာ၏အခြေခံသဘော တရား၊ ဥာဏ်ပညာနှင့် အကျင့်စာရိတ္တ ပြုပြင်ပေးခြင်းဖြင့် သမ္မာကျမ်းစာ၏ အခြေခံအုတ်မြစ်ကို ကူညီထောက်ပံ့ပေးသည်။

၂။ တစ်ဦးချင်းစီ၏ ထူးခြားသော ပင်ကိုယ် အစွမ်းအစများကို အဓိက အလေးထားပေးသည်။

၃။ ဝင်ခွင့်စာမေးပွဲ (DT) မှ ရရှိလာသည့် ရလဒ်အားဖြင့် ဘာသာရပ်များကို သူတို့၏အဆင့်အလိုက် သင်ကြားပေးသည်။

၄။​ ကျောင်းခန်းထဲတွင် တစ်နေ့တာအတွက် သူတို့၏ ကိုယ်ပိုင်သင် ခန်းစာများနှင့် အကျင့်စာရိတ္တများ သတ်မှတ်ပေးပြီး ပိုမိုတိုးတက်အောင် ကူညီပေးသည်။

၅။ ကျောင်းသား/သူများသည် သူတို့၏သင်ခန်းစာအပေါ် လေးနက်စွာတွေးခေါ် ဆင်ခြင်နိုင်ရန်နှင့် အကောင်းဆုံး ပညာရေးတစ်ရပ်ဖြစ် အောင်သင်ကြားပေးသည်။

၆။ ကျောင်းသား/သူများကို နည်းပညာပိုင်းဆိုင်ရာများကိုလည်း သင်ကြားပေးပါသည်။

BLCY သည် A.C.E. School of Tomorrow® ၏သင်ရိုးညွန်း တမ်းကို အသုံးပြုထားသည်။ ကျောင်းတွင် အသုံးပြုသည့် စာ အုပ်များသည် PACEs ဟုခေါ်သော သာမန်အရွယ်အစားထက်ပါးလွှာပြီး၊ (bite size) အရွယ်စာအုပ်ငယ်များသဏ္ဌာန်ဖြစ် သည်။ အဆင့်တစ်ခုစီ၏ဘာသာရပ်တိုင်း၌ PACEs (၁၂)ခုစီ ပါ ဝင်သည်။ PACEs များအထဲတွင် (Godly character) များပါ ဝင်ပြီး တွေးခေါ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျွမ်း ကျင်ပိုင်နိုင်စွာ ကိုယ်တိုင်သင်ယူဖန်တီးစေနိုင်ရန်အတွက် ဒီဇိုင်းထုတ်ပေးထားပါသည်။ A.C.E ၏ သင်ရိုးညွှန်းတမ်းသည် အ ဆင့် 12 ဆင့်ရှိပြီး အဆင့်တစ်ခုစီတွင် သင်္ချာ၊ သိပ္ပံ၊ စကားလုံးတည်ဆောက်ခြင်း (Word Building)နှင့် အခြားဘာသာရပ်များစွာပါဝင်သည်။ ဘာသာရပ်တိုင်းတွင် တစ်နှစ်လျှင် အနည်းဆုံး 12 PACEs ပါဝင်သည်။

BLCY သည် Accelerated Christian Education (ACE) ၏ သင်ရိုးညွှန်းတန်းကို အသုံးပြုထားပြီး သမ္မာကျမ်းစာအပေါ် အခြေခံထားသော ကြောင့် ကလေးသူငယ်များကို သမ္မာတရားလမ်း၌ လျှောက်နိုင်ရန်နှင့်သူတို့၏အကျင့်စာရိတ္တပြုပြင်ပြောင်းလဲပေးနိုင်ရန် ကူညီပေးမည်ဖြစ်သည်။ 

Individualisation

ကျောင်းသား/သူတိုင်း ဝင်ခွင့်စားမေးပွဲကို ဖြေဆိုရမည်ဖြစ်ပြီး ရရှိလာသည့် ရလဒ်အပေါ်မူတည်ပြီး သူတို့၏အဆင့်အလိုက် ဘာသာရပ်များကို သင်ယူစေမည်။ ထိုစာမေးပွဲ ရလဒ်များသည် ကျောင်းသား/ သူများ၏ ပညာရေးဆိုင်ရာ သင်ယူမှုကွာဟချက်များကိုလည်း ဖော်ထုတ်ပေးမည်ဖြစ်သည်။ ထို့နောက် ကျောင်းသား/သူများ၏ သီးခြားအားနည်းချက်များကို အားဖြည့်စေရန်အတွက် ပညာရေးဆိုင်ရာ ပစ္စည်းကိရိယာများကို လလည်း ပြင်ဆင်ထားပါသည်။ ကျောင်းသား/သူများ၏လိုအပ်ချက်နဲ့ကိုက်ညီသည့် သင်ရိုးညွှန်းတမ်းအားဖြင့် မြင့်မားသော ပညာရေးစွမ်းဆောင်ရည်အဆင့်ကို ကိုရရှိမည်ဖြစ်သည်။ 

Character Building

ကျောင်းသား/ သူများ၏ ပိုအရေးကြီးသောအရာသည် အကျင့်စာရိတ္တပြုပြင်ပြောင်းလဲခြင်း ဖြစ်သည်။ BLCY ၏ ဘာသာရပ်တိုင်းတွင် Character traits (၉၉) ခု ထည့်သွင်းပေးထားသောကြောင့် သူတို့၏အကျင့်စာရိတ္တ ပြုပြင်ရာတွင် အထောက်အကူပေးမည်ဖြစ်သည်။

Academic Excellence

BLCY သည် အဓိကကျောင်းသား/ သူများ၏ အောင်မြင်မှုအတွက် ဦး တည်ကာတွန်းပို့ပေးသည်။ BLCY တွင် အောင်မြင်ပြီး ပြည်ပမှအဆင့်မြင့်ကျောင်း၊ ကောလိပ်များတွင် တက်ရောက်ချင်ရောက်ချင်သူများကိုလည်း ချိတ်ဆက်ဆောင်ရွက်ပေးပါသည်။ BLCY ၏ သင်ရိုးညွန်းတန်းများကိုလည်း နိုင်ငံပေါင်း ၁၄၀ တွင် ရှိသော ကျောင်းပေါင်း(၆၀၀၀)ကျော်က အသုံးပြုထားပါသည်။ 

Mastery Learning

စာသင်ခန်းထဲတွင် ကျောင်းသား/သူတို့သည် သူတို့၏အဆင့်ကို ပိုင် နိုင်စွာ ကျော်ဖြတ်နိုင်မှသာ နောက်တဆင့်သို့ တက်ခွင့်ပေးသည်။ ကျောင်းသား /သူများ၏ ကျွမ်းကျင်ပိုင်နိုင်မှုသည် အနာဂတ်တွင် သူတို့၏သင်ယူမှုများအတွက် အခြေခံအကျဆုံးဖြစ်ပြီး ပညာရေးအောင်မြင်မှုဆီသို့ ဦးတည်ပါသည်။

BETHANY LEARNING CENTER YANGON

“The fear of the LORD is the beginning of knowledge: but fools despise wisdom and instruction”. Proverbs 1:7